အလယ်တန်းအဆင့် သိပ္ပံ (Middle School Science) အက်ပလီကေးရှင်းသည် မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူများ သိပ္ပံဘာသာရပ်ကို စိတ်ဝင်စားဖွယ် လက်တွေ့လေ့လာသင်ယူနိုင်စေရန် အလယ်တန်းအဆင့် သိပ္ပံ ဖတ်စာအုပ်များကို အခြေပြုကာ သင်ရိုးညွှန်းတမ်းနှင့်အညီ ဖန်တီးထားပါသည်။ သိပ္ပံဆိုင်ရာ အယူအဆများကို ပိုမိုနားလည်လွယ်ကူစေရန် စိတ်ဝင်စားဖွယ် ရုပ်ကြွပုံများ၊ လက်တွေ့လုပ်ငန်း ဗီဒီယိုများ၊ 3D model များ၊ animation များနှင့် ပိုမိုပြည့်စုံသော လေ့လာစရာ အကြောင်းအရာများကို ဝေဝေဆာဆာ ထည့်သွင်းပေးထားပါသည်။ လက်ရှိအချိန်တွင် ဆဋ္ဌမတန်း (Grade 6) အကြောင်းအရာများကို ပထမအဆင့်အဖြစ် ထည့်သွင်းပေးထားပြီး အနာဂတ်တွင် အခြားအတန်းများ၏ အကြောင်းအရာများကိုလည်း ဆက်လက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။